Saturday 27 August 2011

ကမ္ဘာ့ အံဖွယ် ရွှေတိဂုံ စေတီတော် သမိုင်း




ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ 

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us

Image Hosted by ImageShack.us
အမည်ခေါ်တွင်ပုံ

ရွှေတိဂုံစေတီတော်အကြောင်းဆိုပေမဲ့ ကျွန်တော် ရွှေတိဂုံ ဆိုတဲ့အမည်နာမဘယ်ကနေစတင်ပေါက်ဖွားလာသလဲဆိုတဲ့ မေးခွန်းကိုဘဲ အထူးပြုဖော်ပြသွားပါရစေ ။ ဒီမေးခွန်းဖြေဖို့ ကျွန်တော်တို့သမိုင်းကြောင်းကို ပြန်ဆန်းစစ်ကြည့်ရမှာပါ ။ သမိုင်းဟာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အမြဲထာဝရ သက်သေခံနေတဲ့ မှတ်ကျောက်တစ်ခုပါ။ သမိုင်းနဲ့ဘဲ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ဆုံးဖြတ်အတည်ပြုကြတာမဟုတ်လား။ ဒါကြောင့် ရွှေတိဂုံဆိုတဲ့ စကားလုံးဘယ်ကနေ ပေါက်ဖွားလာသလဲဆိုတာကိုသိဖို့ ပထမဦးဆုံး အဲဒီစေတီကို ဘယ်သူစတင်တည်ထားကိုးကွယ်သလဲဆိုတာကို ကျွန်တော်တို့သိရပါမယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲဗျာ။
ရွှေတိဂုံစေတီတော်ကို ရာမညတိုင်းရှင်မွန်ဘုရင် ဥက္ကလာပမင်းကြီး ဦးဆောင်ပြီး တဖုတ္တ နဲ့ ဘလိက္က မွန်ကုန်သည်ညီနောင်နှစ်ပါးတို့နဲ့အတူ ရာမညတိုင်းသားတို့ကတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တော်တော်များများ (အများအားဖြင့် နောက်ပိုင်းလူငယ်တွေပေါ့) က ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ ဗမာလူမျိုးလို့ ထင်မှတ်ကြပါတယ်။ ရွှေတိဂုံစေတီတော် သမိုင်းကြောင်း ကို ရေးထားတဲ့ စာအုပ်တွေမှအစ ဘုရားရဲ့ သမိုင်းကြောင်းကို စပ်ဆိုထားတဲ့ သီချင်းတွေကအလယ် ဓမ္မပူဇာတေးကအဆုံး တည်ထားကိုးကွယ်သူတွေရဲ့ လူမျိုးကို တိတိကျကျရေးထားတာကို ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက် မတွေ့ဖူးပါဘူး။ မြန်မာပြည် ရာမညတိုင်းမှ မွန်ကုန်သည် တဖုတ္တ နဲ့ ဘလ္လိက ညီနောင် ရယ် ၊မွန်ဘုရင် ဥက္ကလာပ မင်းကြီးရယ် တည်ထားကိုးကွယ်တဲ့ခုနှစ်ရယ် ဆိုတာကို ဘဲတွေ့ရှိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလဲ မြန်မာပြည်သားဆိုတော့ တည်ထားကိုးကွယ်တဲ့ လူမျိုးကိုလည်း
ဗမာလူမျိုးလို့ ယူဆကြမှာဘဲ။ ဒါဟာလည်းဖြစ်နိုင်ပါတယ်။ တကယ်တမ်းကျတော့ ရာမညတိုင်းဟာ မွန်တို့ဌာနေပါ။
မွန်တို့ဌာနေကဆိုတော့ ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ မွန်လူမျိုးဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါဟာလည်း ငြင်းပယ်လို့မရအောင် ဗုဒ္ဓ၀င်၊ ရာဇ၀င် ဆိုတဲ့ သမိုင်းကြောင်းက သက်သေခံနေပါတယ်။ ရွှေတိဂုံရဲ့ အမည်နာမကို ဆန်းစစ်ဖို့အတွက် တည်ထားကိုးကွယ်ခဲ့တဲ့လူမျိုးကိုသိဖို့ လိုအပ်လို့ပါ။ ကဲ ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဗျာ။ လူမျိုးတစ်မျိုးက သူတို့တည်တဲ့ဘုရားရဲ့ အမည်နာမကို တစ်ခြားလူမျိုတွေရဲ့ ဘာသာစကားနဲ့ နာမည်ပေးတာ ထုံးစံမရှိပါဘူး။ ဒီလိုပါဘဲ ရာမညတိုင်းသား မွန်လူမျိုးတို့ တည်ထားတဲ့ ဘုရားဟာ မွန်အမည်နာမဘဲ ဖြစ်ရမှာပေါ့။ ဒါဖြင့် မွန်လူမျိုးတွေခေါ်ဝေါ်ခဲ့ကြတဲ့ ရွှေတိဂုံဘုရားရဲ့ မူရင်းအမည်နာက ဘာလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။ ကျွန်တော်တို့လူသားတွေဟာ အမည်နာမတစ်ခုကို ခေါ်ဝေါ်သုံးစွဲတော့မည်ဆိုလျင် အများအားဖြင့် လူပုဂ္ဂိုလ်၊ အရပ်ဒေသ၊အရေအတွက် နောက်ကြောင်းရာဇ၀င် စသည်တို့ကို အစွဲပြုပြီး ခေါ်ဝေါ်တတ်ကြပါတယ်။ အဲဒီလိုပါဘဲ ရွှေတိဂုံစေတီတော်ဟာ အရပ်ဒေသကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဘုရားတစ်ဆူဖြစ်ခဲ့ပါတယ်။ အရင်တုန်းက ယခုကျွန်တော်တို့သိနေတဲ့ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့က ဒဂုံတိုင်းဟု သမုတ်ခဲ့ကြပါတယ်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်တဲ့အတွက်ကြောင့် ဒဂုံတိုင်းကဘုရားလို့ ခေါ်ဝေါ်ပြောဆိုခဲ့ကြတယ်။


မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်မှာ ဒဂုံ ကို ရန်ကုန် ဆိုပြီး အမည်နာမ ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးသိပြီးသားပါ။ ရန်ကုန်ဒေသမှာရှိတဲ့ ကျိုက်လဂုံကိုလည်း အခြားသောတိုင်းရင်းသားတို့က ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာ ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံ ဟာ မြန်မာပြည်ရဲ့ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့ပါတယ်။ မွန်လူမျိုးတို့ အတွက် ဂုဏ်ယူစရာ ပေါ့လေ။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ မူပိုင်ကျိုက်ဆိုတဲ့စကားလုံးနေရာမှာ ရွှေနိုင်ငံ(Golden land) ကို ကိုယ်စားပြုတဲ့ ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြပါတယ်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီးတော့ ကျိုက်လဂုံ ဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ ရှေးခေတ်က ပုံတော်သာမက ယခုခေတ်ပုံတော်အပြင် ဗိသုကာလက်ရာတွေကိုပါ လေ့လာချင်တယ်ဆိုရင် ဟောဒီ မှာ ၀င်ရောက်ကြည့်ရှုပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။

မွန်လူမျိုးတွေကတော့ ယခုအချိန်အထိတော့ ရွှေတိဂုံ စေတီတော်ကို ကျိုက်လဂုံ ဟုခေါ်ဆိုနေကြပါတယ်။ ရန်ကုန်မြို့ကိုလည်း လဂုံမြို့ (တုံးလဂုံ) ဟု ခေါ်တွင်နေကြဆဲပါ။


သမိုင်းကြောင်း

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်



ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊မွန်ဘုရင် ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော မွန်သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက မွန်ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
မွန်ကုန်သည် ညီနောင်တို့ ဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် လှူဒါန်းပူဇော်ပုံ

ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ

ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ

ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး

ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

သာသနာအစရွှေတိဂုံက

ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ [2]
ရွှေတိဂုံ စေတီတော်၏ အံ့ဖွယ် (၉)ပါး

ပတ္တမြားမျက်ရှင် ဘုရား
ဝိဇ္ဇ္ဇာဇော်ဂျီ ဘုရား
ရှင်စောပု ဘုရား
ဆံတော်တွင်း ရုပ်ပွားတော်
ရှင်အဇ္ဇဂေါဏ ဘုရား
ဘိုးဘိုးအောင် ဂူဘုရား
ရှင်မထီးဘုရား
လက်ပက်လက်ဘုရား
ပြဒါးရှင် ဘုရား တို့ဖြစ်သည်။
copy in နားခိုရာ blog

Read more " ..."

Tuesday 5 July 2011

အင်တာနက် IPV6 စမ်းသပ်မှုနေ့




IPV6 Test Day – ကမ္ဘာ့ IPV6 စမ်းသပ်မှုနေ့ကို က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ကျော် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Google တို့၊ Facebook တို့၊ Yahoo တို့
စတဲ့ ကုမ္ပဏီကြီးတွေ ဦးဆောင် ပြုလုပ်ခဲ့ကြတာပါ။

အခုလို ကမ္ဘာ့ IPV6 အစမ်းနေ့ တနေ့ သတ်မှတ် လုပ်ဆောင်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီကနေ့ ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့ အင်တာနက် ၀က်ဘ်ဆိုက် လိပ်စာတွေ မကြာခင် ကုန်တော့မှာ ဖြစ်တဲ့အတွက် လက်ရှိ ရှိနေတဲ့ အင်တာနက် လိပ်စာ အရေအတွက်ထက် မရေမတွက်နိုင်တဲ့ နံပတ်တွေ ထပ်မံ ထုတ်ပေးနိုင်အောင် Version (နည်းပညာ) အသစ်နဲ့ အစားထိုးနိုင်ဖို့ အတွက် ပညာရှင်တွေက
အစမ်းနေ့ဖြစ် သီးခြား သတ်မှတ်ပြီး ပြုလုပ်ခဲ့ကြတာ Read more "အင်တာနက် IPV6 စမ်းသပ်မှုနေ့..."
ရွေးကောက်ပွဲ အနိုင်ရ ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။

ထိုင်းနိုင်ငံက ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်ပမှာ ရောက်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အနိုင်ရလိုက်ပြီး လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က သူရှုံးနိမ့်တဲ့အကြောင်း အသိအမှတ်ပြု လက်ခံလိုက်ပါပြီ။

ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ပြိုင်ဘက် ယင်လပ် ရှင်နာဝပ် အနိုင်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ယင်လပ် ရှင်နာဝပ်ဟာ ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပါတော့မယ်။

ဒီကနေ့ ရွေးကောက်ပွဲတွေမှာ ဖွေထိုင်းပါတီက လက်ရှိအာဏာရ ဒီမိုကရက်ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ။ မဲထည့်ခဲ့ကြတဲ့ သူတွေကို စစ်တမ်းကောက်ယူချက်တွေ အရ လေ့လာသုံးသပ်သူတွေက ဖွေထိုင်းပါတီ အနိုင်ရလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားကြတာပါ။

ထိုင်းနိုင်ငံရဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၅၀၀ ရှိတဲ့အထဲမှာ ဖွေထိုင်းပါတီက နေရာ ၂၆၀ ထက်မနည်း အနိုင်ရတဲ့အကြောင်း မဲပေးမှု ရလဒ်တွေမှာ ပြသနေပါတယ်။

ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် ၂၀၀၆ ခုနှစ်တုန်းက ပြည်ပကို ထွက်ခွာသွားပြီး နောက်ပိုင်း သွေးထွက်သံယိုမှု မရှိတဲ့ စစ်တပ် အာဏာသိမ်းမှု ရှိခဲ့ပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုနဲ့အတူ ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့လို့ လူ ၉၀ ကျော် သေဆုံးခဲ့ပါတယ်။ Read more " ..."

Saturday 2 July 2011

Buddhist philosophy



အခါခပ်သိမ်း ကိလေသာမီးတောက် လောင်နေသူများဖြစ်လျက် အဘယ် ကြောင့်ပျော်မြူး ရယ်ရွှင်ခြင်း ဖြစ်ဘိ သနည်း။ အဘယ့်ကြောင့် နှစ်လိုဝမ်း သာခြင်း ဖြစ်ဘိသနည်း။ အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး နေသူများ ဖြစ်ပါလျက် အဘယ်ကြောင့် ပညာတည်း ဟူသော ဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

(ရှင်တော်ဗုဒ္ဓ)




A little statue of Buddha by Mistvan, 2006

A little statue of Buddha by Mistvan, 2006

Buddhism is one of the major religions of the world, with up to 500 million adherents who pray to the celestial Buddhas and Bodhisattvas, chant the name of Amitabha and other holy mantras, and engage in various other activities required by their particular religious organisation. However, a large body of Buddhist tradition is, in fact, philosophical in nature, and I tend to think that in the beginning, in the 5th century BCE India, Buddhism was purely a philosophy, a minor but ultimately successful branch of the large continuum of indian philosophies that existed then. Early Buddhist works discuss their similarities and stress their differences from contemporaneous philosophical schools and have little to say about religious icons of the time.

Like any complete philosophical system Buddhist philosophy deals with a number of broad issues. At the heart of its famous ethics code, known as Four Noble Truths, is the concept of human suffering, its causes and the prescription to ending it, called the Eightfold Path, implemented with The Five, Eight, and Ten Precepts. The Buddhist metaphysics is built upon the concept of dependent origination (“everything depends on everything else in the world at every moment in an equally significant way”), interestingly echoing certain pre-Socratic Greek philosophies. This was extended by Nagarjuna into the concept of emptiness, leading to the discussion of Three Seals of Existence, Five Aggregates, Twelve Nidanas, and other related concepts that detail the Buddhist view on existence, perception, and the cycle of life and death. Trying to distinguish itself from other philosophical schools, Buddhism stressed that reliance on canon and tradition is useless for spiritual development, and furthered that idea to the point where fixation on words and letters or logical reasoning as a whole was declared harmful, all the way to the Six Words of Advice (“don’t recall, don’t imagine, don’t think, don’t examine, don’t control, rest”), which, I think, was the key reason of the transition from philosophy to religion. Those who took the advice to let go of the attachment to reason to heart, inevitably switched to faith and ritual.

Of course, the ultimate goal of Buddhism is the well-known nirvana, the state of happiness achieved when the full infinite ineffable nature of the world is fully understood by the single human mind, the concept remarkably similar to the 1st-3rd century CE European concept of gnosis, transcendental knowledge, which, some say, may have been directly influenced by nirvana. But even if Buddhism did not create gnosticism, its influence in the world as we know it is incredible. Together with Taoism and Confucianism, the two Chinese philosophical schools, it shaped the mentality of the entire East Asia over the millennia. Read more " ..."

m



ထိုင်းနိုင်ငံ၏ အရှည်ဆုံးသစ်သား တံတားသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခပူရီမြို့ (မွန်ဘာသာအားဖြင့် ဝင်းကမြို့) တွင် တည်ရှိသည်။ ဤသစ်သား တံတားကြီးက ဒေသခံ ထိုင်း၊ မွန်၊ ကရင်လူမျိုးများအတွက် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့မှုကို အကျိုးပြုသကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။

ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတား

ရန်ဒီချောင်း၊ ခီးချောင်းခေါ် ကင်းချောင်းနှင့် စံခလယ်ချောင်း သုံးခု ဆုံရာ ယခင်ဝင်းကရွာဟောင်း၏ အနောက်ဘက် ယခု ဝင်းကရွာသစ် ကမ်းဘက်နှင့် ထိုင်းကမ်းဘက်ကို ပိုင်းခြားထားသည့် စံခလယ်ချောင်းကို ဖြတ်ပြီး ဤသစ်သားတံတားကြီးကို ဆောက်လုပ်ထားသည်။

မွန်ဘက်ကမ်းတွင် မွန်လူမျိုးများ နေထိုင်ကြပြီး ထိုင်းဘက်ကမ်းတွင် ထိုင်းနှင့် ကရင်လူမျိုး အများစု နေထိုင်ကြသည်။

သာသနာ သက္ကရာဇ်၂၅၂၅ (ခရစ်နှစ် ၁၉ဂ၁) ခုနှစ်တွင် ထောက်ခနွန် ရေတာတာကြီး တည်ဆောက်လိုက်ခြင်းကြောင့် ယခင် စံခလယ်ချောင်းငယ်မှာ ရေပြင်ကျယ် ချောင်းကြီး ဖြစ်သွားခဲ့သည့်နောက်တွင် ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ကူးသည့်လှေများ မကြာခဏ မှောက်တတ်ပြီး လူများ သေဆုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကူးတို့ခ အကုန်သက်သာစေရန်အတွက် ဝင်းကဆရာတော်ဘုရားကြီးက ခရစ်နှစ် ၁၉၈၄ ခုတွင် ဤသစ်သားတံတားကြီးကို ဆောက်လုပ်ပေးခဲ့သည်။

“ဒီသစ်သားတံတား မရှိခင်က ကူးလူးသွားလာတာ အင်မတန် ခက်တယ်၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ချောင်းက ခြားနေတော့ နှစ်ရွာလို ဖြစ်နေတယ်၊ လူမှုရေး၊ ကုသိုလ်ရေး၊ စီးပွားရေးမှာ ကူးလူးဆက်ဆံမှု နည်းနေတယ်။ တံတားကြောင့် အခုပေါင်းစပ်မှု ကောင်းလာတယ်” ဟု သစ်သားတံတား စဆောက်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သူ အသက် ၇၉ နှစ် အရွယ်ရှိ မွန်အဖိုးအို နိုင်အောင်စိန်က ပြောသည်။

အသက် ၆ဝ ရှိပြီဖြစ်သည် ကရင်လူမျိုး စောလှရွှေ ကလည်း “စံခလယ်ချောင်းက ခြားနေတော့ မွန်ဘက်ကမ်းနဲ့ ထိုင်းဘက်ကမ်းက လူတွေ ရင်းနှီးမှု နည်းနေတယ်၊ နီးလျက်နဲ့ ဝေးနေကြတယ်၊ လူငယ်တွေကြားမှာ ခဏခဏ ရန်ဖြစ်ကြတယ်၊ အခု ထိတွေ့မှု များလာတော့ ချစ်ကြည် ရင်းနှီးမှု ရှိလာတယ်” ဟု ပြောပြသည်။

ဤသစ်သားတံတားက ဒေသခံများကို ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ပေးခဲ့သည် သာမက ဤတံတားနှင့် ဝင်းကရွာမှ သာသနိက အဆောက်အဦးများသို့ လာရောက် ဖူးမျော် လေ့လာ လည်ပတ်သည့် ဧည့်သည်များ နေ့စဉ် စည်ကားလျက် ရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။

၎င်းပြင် ကျောင်းဝတ်စုံ တူညီစွာ ဝတ်ဆင်ထားသည့် မွန်ဘက်ကမ်းမှ ကျောင်းသူကျောင်းသားများ ထိုင်းဘက်ကမ်းရှိ အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင်ခရီးဖြင့် တံတားကို ဖြတ်ကာ ကျောင်းတက်ကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရသည်။

အလုပ်သမားများကလည်း အလုပ်သွား အလုပ်ပြန်၊ ဈေးရောင်း ဈေးဝယ်များနှင့် ခေါင်းရွက် ဗျတ်ထိုး ဈေးသည်များကလည်း ခေါက်တုံ့ခေါက်ပြန် တံတားပေါ် သွားလာ ဆုံတွေ့ခိုက် နှုတ်ဆက်ကြ၊ နောက်ပြောင်ကြ၊ ရီမောကြနှင့် ချစ်ကြည်ရင်းနှီးစွာ သွားလာနေကြသည့် မြင်ကွင်းကလည်း တနည်းတဖုံ ဆန်းကြယ်လှပါသည်။

“မွန်ဘက်ကမ်းက ဟင်းသီးဟင်းရွက် စိုက်တာ များတယ်၊ တံတားမရှိခင်တုန်းက ကိုယ့်ရပ် ရွာလောက်ပဲ ရောင်းရတော့ ဈေးကွက်က ကျဉ်းတယ်၊ အခု ထိုင်းဘက်ကမ်းဈေးကို သွားရင် တံတားကို ဖြတ်လိုက်ရုံနဲ့ ရောက်တယ်” ဟု မွန်ဘက်ကမ်းမှ ဟင်းရွက်သည် မိကွန်ကျဲ က ပြောသည်။

နံနက်ရှုခင်းကို ဓါတ်ပုံ ရိုက်ကြသည့် ဧည့်သည်များနှင့် ညနေခင်း ဆည်းဆာအလှကို ကြည့်ရှုခံစားရင်း လေညှင်းခံ ထွက်သူများကလည်း တံတားပေါ်တွင် စည်ကားလှသည်။

“တောင်တန်း တောင်ကုန်းကြားက ရေစီးမရှိပဲ ရေကန်ကြီးလို ဖြစ်နေတဲ့ ဒီမြစ်ပြင်ကို ရေကူးရင်း လှေစီးရင်း ဒီတံတားကို လှမ်းမြင်ရတာ စိတ်ထဲမှာ အေးချမ်းတယ်၊ နောက်တော့ လှပ အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်မှာ သဘာဝသစ်လုံးတိုင်နဲ့ ဆောက်ထားတဲ့ ဒီသစ်သားတံတားကို မြင်တွေ့ရတာ နှစ်သက်စရာ အလွန်ကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံသား မစ္စတာဖာရွန်က သူ၏ ခံစားချက်ကို ပြောသည်။

တံတား ပတ်ဝန်းကျင်တွင် ရေပေါ်ဖေါင်အိမ် ၅ဝ ကျော် ရှိပြီး၊ တပတ်လျှင် မြို့ကြီးမှ ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသား ဧည့်သည် နှစ်ထောင်ခန့် လာရောက် တည်းခိုကြကြောင်း၊ ကုန်းပေါ်ရှိ ဟိုတယ်၊ ရီဇော့၊ အင်းများတွင်လည်း ဧည့်သည်အများအပြား လာရောက် တည်းခိုကြပြီး စုစုပေါင်း တပတ်လျှင် ဧည့်သည် ၃၀၀၀ ကျော် ဤတံတားသို့ လာရောက် လည်ပတ်ကြကြောင်း ဖေါင်အိမ်ပိုင်ရှင် နိုင်ချစ်ငွေက ပြောသည်။

သို့သော် ယခုသစ်သားတံတားကြီးကို မဆောက်မီ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ် (ခရစ် ၁၉၈၄) ကလည်း ယခင် ဝင်းကရွာဟောင်း မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းကို ကူးလူး သွားလာရန်အတွက် ပထမဦးဆုံး ဝါးဖေါင်တံတားတစင်းနှင့် ကြိုးတံတားတစင်းကိုလည်း ဝင်းကဆရာတော်ကြီးက ဦးစီးပြီး ဆောက်လုပ်ခဲ့သေးသည်။

ထောက်ခနွန် ရေကာတာ ဆောက်လုပ်ပြီးနောက် ထိုဝါးဖောင်တံတားနှင့် ကြိုးတံတားမှာ ရေအောက် နစ်မြုပ်၍ ပျက်စီးခဲ့ရသည်ဟု ဆောက်လုပ်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သည့် အသက် ၈ဝ အရွယ်ရှိ ကရင်အဖိုးအို နိုင်ပဇာလဝမ် က ပြောသည်။

ယခင်က တံတားပေါ်တွင် လူများ၊ ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း တံတားရေရှည် တည်တံ့ရေးအတွက် နောက်ပိုင်းတွင် လူနှင့် စက်ဘီးများကိုသာ ဖြတ်သန်းခွင့် ပြုတော့သည်။

ကြံ့ခိုင်မှု နည်းလာသည့် ဤတံတားကို သာသနာ သက္ကရာဇ် ၂၅၅၃ (ခရစ်နှစ်၂ဝဝ၉) ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ စပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ ဗိသုကာ ဆရာကြီး နိုင်ဇာပန်နှင့် လက်သမား ၁၃ ဦးတို့က ၂ နှစ်နီးပါး အချိန်ယူကာ အသစ်တဖန် ဆောက်လုပ်ခဲ့သည်။

ဤတံတားကို ပျဉ်းကတိုးသား အများဆုံးနှင့် သင်္ဃန်းသား အနည်းငယ် အသုံးပြုကာ ဆောက်ထားပြီး ယခင်တံတားဟောင်း ဆောက်စဉ်က မတ်မတ်စိုက်ထူထားသည့် တံတားတိုင်ကိုလည်း ပိုမိုခိုင်ခန့်ရန်အတွက် ယခုဆောက်လုပ်စဉ်တွင် ကျားကန်ပြီး စိုက်ထူထားခဲ့သည်။

တံတားအရှည်မှာ ၄၄၅ ဒဿမ ၅ မီတာနှင့် အနံ ၄ ဒဿမ ၅ မီတာ ရှိသည်။ မြစ်လယ်ရှိ တံတား၏ အမြင့်ဆုံး နေရာမှာ ၃၅ မီတာခန့် မြင့်ကာ တံတားကို အခန်း ၁၀၇ ခန်းဖြင့် ဖွဲ့ထားသည်။ တံတားတစင်းလုံးအတွက် သစ် ၂၁၄ တန်ကျော် အသုံးပြုခဲ့ရသည် ဟု နိုင်ဇာပန် က ပြောသည်။

ဤသစ်သားတံတားကြီးသည် ဒေသခံ ပြည်သူ ထိုင်း၊ မွန်နှင့် ကရင်လူမျိုးများ၏ လူမှုဘဝများ ဖွံ့ဖြိုးသာယာရေးအတွက် အကျိုးပြုသည်သာမက စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။
Read more "m..."
 

Free Blog Templates

စတင်လေ့လာနေတာပါ

..... အခုမှလေ့လာနေတာပါ။beginner ပါ...blog ကိုလေ့လာရင်းနဲ့
စွဲလန်းလာတယ် သူများဘလော့တွေကို အရမ်းအားကျတယ်.....
ဘလော့ရေးဘို့ဆိုတာ
လွယ်သလိုလိုပဲဒါပေမယ့်မလွယ်ဘူး။
အဓိက ကအချိန်ပဲ
အားမှ လုပ်မယ်ဆိုရင်တော့ လုပ်ဖြစ်မယ်
မထင်တော့ဘူး
မအားတဲ့ကြားက အချိန်ကိုဖဲ့ပြီးလုပ်ရတာပဲ
စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ဗဟုသုတလည်း
အရမ်းရတယ်
Powered By Blogger

Blog Tricks

Google Web Fonts

အခါခပ်သိမ်း ကိလေသာမီးတောက် လောင်နေသူများဖြစ်လျက် အဘယ် ကြောင့်ပျော်မြူး ရယ်ရွှင်ခြင်း ဖြစ်ဘိ သနည်း။ အဘယ့်ကြောင့် နှစ်လိုဝမ်း သာခြင်း ဖြစ်ဘိသနည်း။ အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး နေသူများ ဖြစ်ပါလျက် အဘယ်ကြောင့် ပညာတည်း ဟူသော ဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

  • (ရှင်တော်ဗုဒ္ဓ)
Powered By Blogger

Easy Blog Tricks

Powered By Blogger

Great Morning ©  Copyright by deee | Template by Blogger Templates | Blog Trick at Blog-HowToTricks